About

Pages

Thursday, January 26, 2012

၂၀၁၅ ရွေးကောက်ပွဲမှာ ဦးခွန်ထွန်းဦး ဝင်ပြိုင်မယ်

မကြာသေးခင်က အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ SNLD ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးက လာမယ့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ သူပါဝင် ယှဉ်ပြိုင်မယ်လို့ ထုတ်ဖေါ် ပြောဆိုလိုက် ပါတယ်။





လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ဝင်ပြိုင်ဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေအနက် ဒီမိုကရေစီကို သွားတဲ့ ပြောင်းလဲမှုက ၅၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း၊ အဂတိ လိုက်စားမှု ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်နေသေးသလို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်မရုပ်သေးတဲ့ အတွက် စီးပွားရေး ပြဿနာတွေလည်း ရှိနေသေးကြောင်း၊ ဒီပြဿနာတွေကို အားလုံး ဝိုင်း ဖြေရှင်းဖို့ လိုအပ်ကြောင်း ဦးခွန်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။
သူ့အနေနဲ့က ရှမ်းပြည်နယ် တိုးတက်ရေး၊ ရှမ်းလူမျိုးတွေ ကောင်းစားရေးအတွက် အဓိက ထား လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် လွှတ်တော်ထဲကနေ ပိုလုပ်ပိုင်ခွင့် ရလာအောင် အခုလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး လွှတ်တော် ပါလီမန် ပေါ်လာတာ တနှစ်တာ ရှိသွားပြီ ဖြစ်ပေမယ့် ရှမ်းပြည်နယ်မှာ တကယ်တမ်း ဖွံ့ဖြိုး တိုးတက်လာတာမျိုး မတွေ့ရသေးကြောင်း၊ ဒါပေမယ့် လွှတ်တော်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး လွှတ်တော်ထဲကနေတဆင့် ရှမ်းပြည်နယ် တိုးတက်လာရေးကို ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ထားကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

Reference from: http://www.bbc.co.uk/burmese/burma/2012/01/120125_khuntunoo_snld_election.shtml

0 comments:

Post a Comment